DMG | ဖေဖေါ်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တပ်မတော်မှအာဏာမှုကို မလိုလားကြောင်း ယနေ့(ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့)ဆန္ဒပြဖော်ထုတ်ရာတွင် ပြည်သူများနှင့်အတူ အစိုးရဌာနများမှ ဝန်ထမ်းများလည်း ပါဝင်လာသည်ကို တွေ့ရှိရသည်။

ယင်းသို့ဆန္ဒဖော်ထုတ်ရာ၌ အစိုးရဌာနတစ်ခုဖြစ်သည့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် အခြား ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။

ဆန္ဒပြရာတွင်ပါဝင်သည့် ကျောင်းဆရာတစ်ဦးက “ကျနော်တို့ အခုလုပ်နေတာက လူမျိုးအတွက်လုပ်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် အခုလိုလုပ်နေတာ” ဟု ဆိုသည်။

ယနေ့ဆန္ဒဖော်ထုတ်ရာတွင် လူဦးရေ နှစ်ထောင်ကျော်ပါဝင်ပြီး ယင်းအထဲတွင် အစိုးရဝန်ထမ်းများ ပါဝင်လာ ခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် ကျောင်းဆရာမတစ်ဦးက “ကိုယ်လဲစစ်အာဏာရှင်အောက်မှာ နေခဲ့ဖူးတယ်။ အခုတက်လာမဲ့မျိုးဆက်သစ်တွေကို စစ်အာဏာရှင်အောက်မှာမနေစေချင်ဘူး” ဟု ဆိုသည်။

တပ်မတော်မှ အာဏာသိမ်းမှုအပေါ် လက်မခံကြောင်း ရခိုင်ပြည်နယ်အတွင်းမှ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဂွနှင့် မာန်အောင်မြို့နယ်တို့တွင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

Author: Admin