- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
တိုက်ပွဲကြောင့် (၅)ရက်ကြာပိတ်မိနေသူများကို ကယ်ထုတ်
ဇန်နဝါရီလ (၉)ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ရွာသားအများစု ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ကြသော်လည်း လူ(၃၃)ဦးမှာ ထွက်ပြေးနိုင်ခြင်းမရှိခဲ့သောကြောင့် ပိတ်မိနေခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။
15 Jan 2020

ခိုင်ရိုးလ ၊ DMG
ဇန်နဝါရီ ၁၅၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ညောင်ပင်လှကျေးရွာအတွင်းတွင် (၅)ရက်ကြာ ပိတ်မိနေသူ ၃၃ ဦးကို ယနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကယ်ထုတ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရေးအတွက် အာဏာပိုင်များထံက ခွင့်ပြုချက်ယူကာ ရသေ့တောင်မြို့သို့ ကယ်ထုတ်နေခြင်းဖြစ်သည်။
“ညောင်ပင်လှဆိပ်ကမ်းကို ရောက်နေပါပြီ။ အခု စက်လှေနဲ့ သယ်ယူကယ်ထုတ်နေတာပါ။ ကျနော်တို့ကတော့ ရွာထဲက လူတွေအားလုံးကို ကယ်ထုတ်နေပါတယ်” ဟု ကယ်ထုတ်ရာတွင်ပါဝင်သည့် ကိုကျော်မင်းခိုင်က DMG သို့ပြောသည်။
ဇန်နဝါရီလ (၉)ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ရွာသားအများစု ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ကြသော်လည်း အဆိုပါ လူ(၃၃)ဦးမှာ ထွက်ပြေးနိုင်ခြင်းမရှိခဲ့သောကြောင့် ပိတ်မိနေခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။

ပိတ်မိနေသူများကို ပြီးခဲ့သည့်ရက်များက ကယ်ထုတ်ရန်ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကြောင့် လုံခြုံမှုမရှိသည့်အတွက် မကယ်ထုတ်နိုင်ခဲ့ခြင်းဟု ကိုကျော်မင်းခိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။