- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
- UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
တိုက်ပွဲလက်ကျန်ဗုံးသီးပေါက်ကွဲ၍ လူငယ်တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်၁၂နာရီအချိန်က တိုက်ပွဲလက်ကျန်ဗုံးသီး တစ်လုံးပေါက်ကွဲ၍ လူငယ်တစ်ဦးသေဆုံးသွားကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဂရုဏာလှိုင်းသွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက...
03 Feb 2020
မြတ်ဆွေ | DMG
ဖေဖော်ဝါရီ ၃၊ မြောက်ဦး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်၁၂နာရီအချိန်က တိုက်ပွဲလက်ကျန်ဗုံးသီး တစ်လုံးပေါက်ကွဲ၍ လူငယ်တစ်ဦးသေဆုံးသွားကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဂရုဏာလှိုင်းသွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။
အသက် (၁၅)နှစ်အရွယ် မောင်ကျော်ကျော်သန်းသည် ရွာအနီးရှိ မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံးကို ရွာထဲသို့ ယူဆောင်လာသည်။ ထို့နောက် ဆန်စက်အနီး စပါးထောင်းနေသော အသက် (၄၁)နှစ်အရွယ် ဒေါ်မေကြီးဆိုသူက စပါးတောင်းကို ခေါင်းပေါ်တင်ခိုင်းစဉ် ဗုံးသီးလွှတ်ချ၍ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးဒဏ်ရာရရှိသွားကြခြင်း ဖြစ်သည်။
“ဒဏ်ရာတွေက နှစ်ယောက်စလုံးမှာ ပြင်းပြင်းထန်ထန်ရတယ်။ ယောင်္ကျားလေးက ဒဏ်ရာများတာကြောင့် ဆေးရုံရောက်လို့ နာရီခွဲအကြာမှာ သေဆုံးသွားတယ်။ အမျိူးသမီးကျတော့ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ကျနော်တို့ ခေါ်ဆောင်သွားကတည်းက သူမသတိလည်းမရဘူးဖြစ်နေတယ်။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ဦးအောင်သန်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မိုင်းပေါက်ကွဲမှု၊ ဗုံးသီးပေါက်ကွဲမှု၊ လက်နက်ကြီးပေါက်ကွဲမှုများကြောင့် အရပ်သားများ မကြာခဏ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသောကြောင့် မိုင်းအန္တရာယ် အသိပညာပေးများလုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးအောင်သန်းထွန်းက ပြောသည်။
“အဖွဲ့အစည်းတွေကလာပြီးတော့ မိုင်းအန္တရာယ်အသိပေး ပညာဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ လုပ်ပေးစေချင်တယ်။ အခုဖြစ်တာကလည်း သူတို့မသိလို့ဖြစ်တာ။ အဲလိုကိစ္စတွေကိုလည်း ခဏခဏ ကြုံနေတယ်” ဟု ၎င်းက ဆိုသည်။