- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ဦးဂါကျေးရွာမှ အမျိုးသမီးအား အဓ္ဓမပြုကျင့်ခဲ့သည်ဟု တပ်မတော်သားသုံးဦးက ဝန်ခံ၍ ယခုလ ၁၁ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချမည်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တပ်မတော်စစ်ခုံရုံးက အပြီးသတ်စီရင်ချက် ချသွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
03 Dec 2020
နှင်းနွယ် | DMG
ဒီဇင်ဘာ ၃ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တပ်မတော်စစ်ခုံရုံးက အပြီးသတ်စီရင်ချက် ချသွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ပြစ်မှုကျူးလွန်ခဲ့သူများအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တွေမြို့နယ်ရှိ စစ်ဘက်ဆိုင်ရာခုံရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ရာတွင် ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာထံမှ သိရသည်။
“တရားလိုကိုတော့ ဘာမှမစစ်ဆေးခဲ့ဘူး။ တပ်မတော်သားသုံးဦးကို စစ်ဆေးတာကလည်း အရင်တုန်းက စစ်ဆေး ခဲ့တဲ့အတိုင်း အဲဒီအမျိုးသမီးကို အလိုမတူဘဲသားမယားပြုကျင့်၊ မပြုကျင့်ကိုဘဲ စစ်ဆေးတာပေါ့။ တကယ်လို့ ပြစ်မှုကျူးလွန်ထားတဲ့သူတွေက ဝန်မခံဘဲငြင်းမယ်ဆိုရင် သက်သေနဲ့တကွ ထပ်စစ်ဆေးလို့ရအောင်ဆိုပြီး ကာယကံရှင်အမျိုးသမီးနဲ့ သမီးဖြစ်သူတို့ကို ခေါ်ထားတာပေါ့။ သူတို့ကတော့ ကျူးလွန်ကြောင်း ဝန်ခံပါတယ်” ဟု ၎င်းက ရှင်းပြသည်။
သို့ဖြစ်၍ ၁၉၅၉ ခု၊ တပ်မတော်အက်ဥပဒေပုဒ်မ- ၇၁၊ ၃၅ (င)၊ ၄၇(၁) တို့အပြင် ရာဇသတ်ကြီး(နယ်ဖက်ပြစ်မှု) ပုဒ်မ ၃၆၆၊ ၃၇၆ စသည့်ပုဒ်မအသီးသီးနှင့် တပ်မတော်သားသုံးဦးအား စွဲချက်တင်ခဲ့ကြောင်း ဒေါ်မြသူဇာထံမှ သိရသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူသုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၆၊ ၁၁၄ တို့ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်း၌ ကျူးလွန်ခံရသူ အမျိုးသမီးကိုယ်တိုင် တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့သည်။
သို့သော်လည်း ၎င်းတို့သုံးဦးမှာ တပ်မတော်သားများဖြစ်ကြ၍ တပ်မတော်အက်ဥပဒေကို လေးစားလိုက်နာ ရမည်ဖြစ်သောကြောင့် အရပ်ဖက်တရားရုံးတွင်မစစ်ဆေးဘဲ စစ်ခုံရုံး၌ ရုံးထုတ်စစ်ဆေးရခြင်းဖြစ်ကြောင်း တပ်မတော်က ပြောထားသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက “ကျူးလွန်ခံရတဲ့အမျိုးသမီးရဲ့ကိုယ်စားပြု ရှေ့နေတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျူးလွန်ခံရတဲ့အမျိုးသမီးအပေါ်မှာ ကျူးလွန်ထားတဲ့ပြစ်မှုနဲ့ပြစ်ဒဏ် မျှတဖို့အတွက်ကို ကျမတို့တောင်းဆိုချင်တယ်။ တရားလိုအမျိုးသမီးကိုယ်တိုင်ကလည်း တရားမျှတမှုကိုလိုချင်တယ်။ ဒါကြောင့် ပြစ်မှုနဲ့ပြစ်ဒဏ် မျှတအောင်ချမှတ်မယ်လို့လည်း ကျမတို့ယုံကြည်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာအတွင်းသို့ သေနတ်ပစ်ဖေါက် ဝင်ရောက်လာပြီးနောက် ညနေ ၁၁ နာရီအချိန်ခန့်တွင် နေအိမ်၌ပုန်းခိုနေသည့် အဆိုပါ အမျိုးသမီးအား နေအိမ်မှခေါ်ထုတ်ကာ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောဆိုထားသည်။