ဓာတ်ပုံ- Students Union - Sittway University

ကျော်သူဋ္ဌေး| DMG

ဇူလိုင် ၉၊ စစ်တွေ        

စစ်တွေတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်)က ဦးစီးပြီး ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး Campaign ပြုလုပ်ခဲ့ကြသည်။

တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ အများစုသည် ဆိုင်ကယ်ကို အဓိက အသုံးပြုပြီး မြို့တွင်းတွင် သွားလာ ကြသည်။ထို့ကြောင့် ဆိုင်ကယ်စီးရာတွင် မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ယခုကဲ့သို့ Campaign ပြုလုပ်ရခြင်းဟု ကျောင်းသားသမဂ္ဂ (စစ်တွေ)ဥက္ကဌ ကိုကျော်နိုင်ဌေးက ပြောသည်။

“စစ်တွေမြို့မှာက  အက်ဆီးတန့် ဖြစ်တာက လူငယ်တွေ အများဖြစ်ကြတယ်။နောက်မဖြစ်အောင် အသိပညားပေးပြုလုပ်ရတာပါ ”ဟု ၎င်းက ဆိုသည်။

ဆိုင်ကယ်ပေါ်တွင် နှစ်ယောက်ထက်ပို၍ မစီးရ၊ မူးယစ်ကင်းမှ မောင်းနှင်ပါ၊ အသက်အန္တရာယ်ကင်းစေဖို့ ထိုင်ခုံခါးပတ် ပတ်ကြစို့ စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အသိပညာပေးခဲ့ကြခြင်းဖြစ်သည်။

ယခု ပြုလုပ်သော Campaign တွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၅၀ ဦးခန့် ပါဝင်ခဲ့ကာ ယာဉ်ထိန်းရဲ ဘော်၊ရဲမေများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

 

Author: Admin