- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ဗိုလ်မှူးကြီးမင်းသန်းကို ရခိုင်ပြည်နယ်လုံ/နယ်ဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်မှအတည်ပြု
ယခုတာဝန်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
16 Aug 2019

အောင်ထိန် | DMG
သြဂုတ် ၁၆ ၊ စစ်တွေ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာတွင် ဗိုလ်မှူးကြီးမင်းသန်းအား တာဝန်ပေးအပ်ကြောင်း ပြည်နယ်လွှတ်တော်မှ ယနေ့အတည်ပြုခဲ့သည်။
ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နေရာတွင် ဗိုလ်မှူးကြီးမင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သြဂုတ်လ ၁၄ ရက်နေ့ လွှတ်တော်တွင်တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေငြာခဲ့သည်။
ယခုတာဝန်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်နဲ့ဆိုင်တဲ့ ဥပဒေတွေရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၁ ကနေ ၃၉၀ ထိတို့ အားလုံးလိုက်နာဆောင်ရွက်ရမယ့် အချက်တွေပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံးကလည်း လိုက်နာဆောင်ရွက်ပြီးတော့ အေးချမ်းသာယာတဲ့ အခြေအနေရောက်အောင် ကြိုးစားလုပ်သွားမယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။
ဗိုလ်မှူးကြီး မင်းသန်း အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စရပ်များကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ မျှော်လင့်ချက်တစ်ခုထားတာကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိတယ်။ ပြည်တွင်းပြဿနာတွေ၊ နောက်ဘင်္ဂါလီပြဿနာတွေရှိတယ်။ အဲ့ဒီပြဿနာတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ နယ်/လုံ ဝန်ကြီးအသစ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပိုပြီးအဆင်ပြေချောမောလာမယ်လို့ မျှော်လင့်ထားတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၈ လကျော် ကြာမြင့်လာခဲ့ပြီး တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၆ သောင်းခန့်အထိရှိလာသည်။ တိုက်ပွဲကာလအတွင်းတွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှုများလည်း ရှိသည်။