- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ရခိုင်ဒေသအတွင်း ရေလမ်းခရီးသွားမည့်သူများ AA ကို အသိပေးပြီးမှသွားလာကြရန် ထုတ်ပြန်
ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်များ၊ ရေးလမ်းခရီးသွား ပြည်သူများအနေဖြင့် သွားလာမည့်ခရီးစဉ်၊ နေ့ရက်၊ အချိန်၊ လိုက်ပါမည့်ခရီးသည်စာရင်း၊ တင်ဆောင်လာသော ပစ္စည်းစာရင်းတို့ကို AA ထံသို့ အသိပေးပြီးမှ သွားလာကြရန် နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ထားသည်။
29 Nov 2019
ကျော်ချစ် | DMG
နိုဝင်ဘာ ၂၉ ၊ စစ်တွေ
ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်များ၊ ရေးလမ်းခရီးသွား ပြည်သူများအနေဖြင့် သွားလာမည့်ခရီးစဉ်၊ နေ့ရက်၊ အချိန်၊ လိုက်ပါမည့်ခရီးသည်စာရင်း၊ တင်ဆောင်လာသော ပစ္စည်းစာရင်းတို့ကို AA ထံသို့ အသိပေးပြီးမှ သွားလာကြရန် နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ထားသည်။
ပြည်သူများ တစ်စုံတစ်ရာမဖြစ်စေရေးအတွက် ပြည်သူများသွားလာသည့်အခါ Viber (+95940797942) ၊ Email (transporter2020@protonmail.com) ၊ Skype (AA INFO DESK) တို့သို့ အသိပေးကြရန် AA က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခုကဲ့သို့အသိပေးရခြင်းမှာ တိုက်ပွဲကာလအတွင်း မလိုလားအပ်သောကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန်၊ ရန်သူနှင့် ခရီးသည်ကို ကွဲကွဲပြားပြားသိရှိစေရန်အတွက်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဆိုသည်။
“ဒီလိုထုတ်ပြန်ရတဲ့ အဓိကအကြောင်းအရင်းက ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပဲ။ ဘာကြောင့်လဲဆိုရင် ဗမာစစ်တပ်နဲ့ သာမန်ခရီးသွားပြည်သူတွေကို ခွဲခွဲခြားခြားဖြစ်စေချင်တဲ့ အတွက်ကြောင့်မိုလို့ဖြစ်တယ်။ ဗမာစစ်တပ်ဟာ အခုဒီရက်ပိုင်းတွေမှာ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ၊ လူအင်အားတွေကို ပို့ဆောင်တဲ့အခါမှာ သူတို့ရဲ့စစ်သင်္ဘောတွေတင်မကဘူး၊ အရပ်ဖက်က ယာဉ်တွေကိုပါ သွားလာနေတာတွေရှိတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
မြန်မာ့တပ်မတော်မှ လက်ရှိစစ်ရေးလှုပ်ရှားနေမှုများနှင့် စစ်အင်အား၊ စစ်လက်နက်ခဲယမ်းများ၊ ထပ်မံဖြည့်တင်းနေပုံကို ကြည့်ခြင်းအားဖြင့် ရခိုင်ဒေသအတွင်း၌ တိုက်ပွဲအရှိန် ဆက်လက် မြင့်မားလာမည့်ပုံပေါက်နေသည်ဟု AA က ထုတ်ပြန်ထားသည်။
“အကြောင်းကြားမှုမလုပ်ပဲ ပစ်ခတ်မှုတွေကြားထဲမှာ ထိခိုက်ဒဏ်ရာရသွားလို့ရှိရင်တော့ ပြည်သူတွေပဲ နစ်နာမှာဖြစ်တယ်။ ဒီလိုမလိုလားအပ်တဲ့ဟာတွေမဖြစ်ရအောင် ကျနော်တို့ဘက်က ပြည်သူတွေကို အသိပေး နိုးဆော်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။
တပ်မတော်သဘောၤာများသည် ကုလားတန်မြစ်၊ မေယုမြစ်၊ လေးမြို့မြစ်တို့တွင် ညအချိန်သွားလာမှုများရှိနေသဖြင့် ယင်းကြားထဲတွင် ပြည်သူများ ခရီးအတူတူသွားလာခြင်း မပြုလုပ်ရန်လည်း AA ကထုတ်ပြန်ထားသည်။
ပွင့်လာရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရခိုင်ဒေသအနှံ့အပြားတွင် တပ်မတော်ဘက်က စစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားပြီး AA ဘက်ကလည်း အကောင်းဆုံး ခုခံတိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။