- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
ဘူးသီးတောင်တွင် ကျည်စထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ (၁၁)နာရီကျော်အချိန်က လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်။
09 Dec 2019
ချလူးအောင် | DMG
ဒီဇင်ဘာ ၉၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ (၁၁)နာရီကျော်အချိန်က လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်။
ဒဏ်ရာရရှိသူမှာ အသက် (၂၇)နှစ်အရွယ် ဖာတေမယခါတူ ဆိုသူဖြစ်သည်။ သူသည် ရွာတွင်ဟင်းခူးနေစဉ် စိုင်းဒင်တံတားမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်သွားခြင်းဟု သူ၏ ယောကျ်ားဖြစ်သူ မာတော်တားရှလ်က ပြောသည်။
“လက်နက်ကြီးက စိုင်းဒင်တံတားကနေပစ်တာပါ။ သရက်ပြင်ရွာမှာ ကျရောက်ပေါက်ကွဲပါတယ်။ လက်နက်ကြီးကျည်စက ကျနော့်မိန်းမ ဝမ်းဗိုက်ကိုထိသွားတာပါ”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးမှု (၁၀၀)ခန့်ရှိနေပြီး ဒဏ်ရာရရှိရသူ (၁၃၀)ခန့်ရှိနေသည်။