- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုပုဒ်မနှင့် တရားစွဲတင်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ဇွန် ၃၀ ရက်နေ့ က တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
30 Jun 2020

အောင်ထိန်၊ DMG
ဇွန် ၃၀ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ဇွန် ၃၀ ရက်နေ့ က တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ထိုသို့ တရားစွဲတင်ခံရသူများမှာ တာင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော် ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။
“နိုင်ငံတော်ကနေပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားခြင်းခံရတဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်နွယ်မှုရှိတယ်။ သူတို့ကို ပံ့ပိုးကူညီမှုရှိတယ်ဆိုပြီးတော့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုပုဒ်မ ၅၂(က)နဲ့ တရား စွဲဆိုတာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။
၎င်းတို့ ၄ ဦးကို တရားစွဲဆိုလိုက်သည့် အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂(က) သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပြဌာန်းထားသည်။
သူတို့ ၄ ဦးမှာ မေလ ၉ ရက်နေ့မှ ၂၅ နေ့အတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တောင်ကုတ်မြို့နယ်တရားရုံးမှာ ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ဆိုကြသည်။
ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန် ယူခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုနှင့်တရားစွဲ ဆိုခံထားရသည့် တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌအပါအဝင် ၄ ဦးကို အမှုကို လာမည့် ဇူလိုင်လ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်။