အမ်း-မကွေးလမ်းကို ပိတ်ဆို့လာသည့် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်
02 Nov 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်သို့ ဆက်သွယ်ထားသော လမ်းပိုင်းနှင့် ပုသိမ် - မုံရွာ လမ်းပိုင်းတို့ကို ပိတ်ဆို့ရန်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ထုတ်ပြန်သည်။