မိုးရာသီအပန်းဖြေရန် မြောက်ဦးမြို့ရှိ တောင်ဖြူဆည်သို့ ရေကစားရန် လာရောက်သူများပြားနေပြီး စားဖတ်သောက်ဖတ်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများရှိနေသည်။ သောက်စားမူးယစ်မှုများကြောင့် ရန်ပွဲများ မကြာခဏဖြစ်ကြကြောင်းသိရသည်။ အဆိုပါဆည်ကို လာရောက်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရန်ပွဲဖြစ်ခြင်းနှင့် ဆည်၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးရန် လူငယ်တစ်ဦးက တိုက်တွန်းထားသည်။

သတင်း - ချမ်းအေး၊ DMG

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှာ မြေယာအငြင်းပွားမှုဖြစ်ရာကနေ တစ်ရွာတည်းနေသူတွေ အချင်းချင်း တုတ်၊ ဓါးဆွဲကိုင်သည်အထိ ဖြစ်လာနေပါတယ်။ မနေ့က ဇူလိုင်လ ၂၂ ရက်နေ့မှာဆိုရင် အဲဒီမြေယာကိစ္စနဲ့ ရွာသားအချင်းချင်း ရိုက်ပုတ်သတ်ဖြတ်သည် အထိ ရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် လူစုခွဲခဲ့ရပါတယ်။ ချောင်းတူကျေးရွာမှာဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုမှာ အောက်ခြေအဆင့် သက်ဆိုင်ရာဌာနတွေရဲ့ အကတိလိုက်စားမှုတွေရှိတဲ့အတွက် ထိရောက်တဲ့ဖြေရှင်းပေးမှုတွေမရှိဘူးလို့လည်း ကျေးရွာသားတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ဒီအငြင်းပွားမှုကို အစိုးရအနေနဲ့ ထိရောက်တဲ့ကိုင်တွယ်ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ အချိန်ကြန့်ကြာနေမယ် ဆိုရင် အခုထက်ဆိုးဝါးတဲ့ပြဿနာတွေ ကြုံတွေ့လာနိုင်တဲ့အတွက် ကျေးရွာသားတွေက စိုးရိမ်မှုတွေရှိကြ ပါတယ်။ ချောင်းတူကျေးရွာရဲ့ လယ်ယာမြေအငြင်းပွားမှုနဲ့ လက်ရှိပြဿနာဖြစ်ပွားမှုအခြေအနေတွေကို အဲဒီကျေးရွာမှာ ရောက်ရှိနေတဲ့ တောင်သူလယ်သမားဥပဒေအထောက်အကူပြုကွန်ယက်ရဲ့ စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးကို Development Media Group သတင်းထောက် နေဝင်းစံက မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ရပါတယ်။

ပြည်တွင်း၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့၊ မိမိဒေသမှာ မိသားစုနဲ့ အတူတူ နေထိုင်ပြီး အလုပ်လုပ်နိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြုလုပ်နိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံကြိုဆိုပွဲ ပြုလုပ်နေတဲ့ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးငြိမ်းချမ်းမောင်နဲ့ DMG တို့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေးမြန်းသူ - နေရောင်မင်း (စစ်တွေ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောခဲ့သည့် မိန့်ခွန်းသည် နိုင်ငံရေးပါတီများအစုအဖွဲ့ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြန်လည်ရှင်းလင်းချက်အား DMG သတင်းထောက် ရွှေထက်မှ မေးမြန်းထားသည်။

သင်္ဘောကွေ့ကျေးရွာသားတွေ နေရာပြောင်းရွှေ့ပေးဖို့ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးညီပုက ညွှန်ကြားထားပြီး တခြားကြိုက်တဲ့နေရာမှာ နေထိုင်ဖို့ စီစဉ်ပေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဇူလိုင်လ ၉ ရက်နေ့ကပြောဆိုခဲ့ပါတယ်။

ရုပ်သံ - ဝံသ (မောင်တော)