စိမ်းစိုနေတဲ့တောင်းတန်းတွေ ကြားထဲကနေ အဖြူရောင်မြူခိုးတွေကလဲ မိုးရာသီရဲ့အလှအပကို တစ် ထောင့်တစ်နေရာကနေ လှပအောင်ကူညီပေးနေပါတယ်။ တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းနေတဲ့ချောင်း ရေပြင်ဟာလည်း ကြည်လင်အေးမြနေပါတယ်။ စက်တပ်လှေကလေးတွေကတော့ နေ့စဉ်နဲ့အမျှ ချောင်းကလေးကို အဖော်ပြုပေးနေကြပါတယ်။ ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာရှိတဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာကနေ ရေလမ်းကြောင်း အတိုင်း ၅ နာရီလောက် သွားပြီးတဲ့ နောက်မှာတော့ ခမီတိုင်းရင်းသားတွေ နေထိုင်ရာ ကျောက်တော်မြို့နယ်ရဲ့ ယိုးချောင်းအစွန်မှာတည်ရှိတဲ့ ပညာဝဆိုတဲ့ ရွာလေးကို ရောက်ရှိမှာဖြစ်ပါတယ်။ စိမ်းစို ညှိ့မှိုင်းနေတဲ့တောင်တန်း၊ ကြည်လင်အေးမြနေတဲ့ ချောင်းနံဘေးမှာ ရှိနေတဲ့ ပညာဝကျေးရွာ လေးကတော့ တစ်ကြိမ်တစ်ခါလာရောက်တဲ့ ဧည့်သည်တွေအတွက် စိတ်ကြည်နှုးစရာတစ်ခုဆိုရင် လည်းမမှားပါဘူး။

သတင်း - သက်နိုင် (ကျောက်ဖြူ)/DMG