အဲဒီရှင်းလင်းပွဲကို ယနေ့ နေ့လည် ၁၂ နာရီက ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်၊ ပုပ္ဗါရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး မြို့ပေါ်က လူမှူရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ရခိုင်လူငယ် အကြိုညီလာခံက ထွက်လာတဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ ညီလာခံကြီးဖြစ်မြောက်အောင် ဘယ်လိုပူးပေါင်း ပါဝင်ကြမလဲ ဆိုတာကို ရှင်းလင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်လို့ ရသေ့တောင် လူငယ်ကိုယ်စားလှယ် ၅ ဦးမှာ ပါဝင်တဲ့ ကိုကျော်မင်းခိုင်က ပြောတာဖြစ်ပါတယ်။
အကြိုညီလာခံမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မြို့နယ်တိုင်း တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၅ ဦးက မိမိမြို့နယ်မှာ အသီးသီးပြန်လည် ရှင်းလင်းတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။





