ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တောင်ဖျားချောင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကတည်းက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် တောဖျားချောင်းအထက်ပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာကြရပါတယ်။ တောဖျားချောင်းဒေသ အထက်သင်းပုန်းတန်းကျေရွာမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာဆိုရင် ဝေးလံခေါင်းဖျားတဲ့ တောဖျားချောင်း အထက်ပိုင်းဒေသ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရခိုင်ပြည်နယ်ရဲ့ အစောဆုံး စစ်ဘေးရှောင်တွေလည်းဖြစ်ပါတယ်။

Author: DMG