- Details
- ကျော်မြင့်လွင်
- Hits: 1405
- Article
နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အဝါဖြင့် ဝန်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါ လူမမာသည်ဘဝဖြင့် ပြုစုသူကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန်လမ်းမများပေါ်တွင် လျှောက်သွားလျက် ရှိသည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 708
- Opinion
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ်တွင် နှစ်ဦး၊နှစ်လယ်ပိုင်းတို့တွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ခဲ့ကြသည်။သို့သော် တိုက်ပွဲ၏ ရေရှိန်သည် ၂၀၁၈ ခုနှစ် ၊ဒီဇင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်းတွင် အမြင့်ဆုံးအထိဖြစ်သွားခဲ့သည်။တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ)ကလွဲပြီး တခြားတိုင်းစစ်ဌာနချုပ်နယ်မြေ(၅)ခုတွင် တစ်ဖက်သတ် အပစ်ရပ်စဲခဲ့နောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။
- Details
- ရက္ခ
- Hits: 1144
- Feature
ပညာရေးကဏ္ဍ မြှင့်တင်မှုဆိုရာတွင် စာသင်ကျောင်းများကို အဆင့်တိုးမြှင့်ပေးရုံမျှဖြင့် လုံလောက်လိမ့်မည် မဟုတ်ချေ။ အဆင့်တိုးမြှင့်ပေးလိုက်သော စာသင်ကျောင်းများ၏ အဆင့်အတန်းနှင့်ညီမျှသော ပြုပြင်ပြောင်းလဲမှုကို တပါတည်းလုပ်ဆောင်ပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။ မူလတန်းကျောင်းတစ်ကျောင်းကို အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်မည်ဆိုပါက တိုးပွားလာမည့် ကျောင်းသားဦးရေအတွက် လုံလောက်သော စာသင်ကျောင်းအဆောက်အဦး၊ လုံလောက်သော ဆရာ၊ ဆရာမများနှင့် လုံလောက်သော ပညာရေးထောက်ပံ့မှုများကို တဆက်တည်း ပေးအပ်နိုင်ရန် လိုအပ်သည်။
- Details
- Admin
- Hits: 2243
- Article
မညိုညိုဝင်းနှင့် မောင်ရာဇာထွန်းတို့ မောင်နှမနှစ်ဦးမှာ ဆွေမျိုးတော်စပ်သူ ဦးမောင်ဘကျော် နေအိမ်မှနေပြီး ပညာသင်နေကြခြင်းဖြစ်သည်။ ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ အစ်ကိုရှိရာသို့ အားကိုးတကြီးအပြေးလာခဲ့သော ညီမဖြစ်သူကို ကယ်ခွင့်မရလိုက်သည့် မောင်ရာဇာထွန်းတစ်ယောက် စစ်ပွဲကို အမုန်းကြီးမုန်းတီးလျက်ရှိသည်။ “မောင်ကြီး မကယ်လိုက်နိုင်ဘူး ညီမလေးရယ်” ဟု အသက်ဝိဥာဏ်ကင်းမဲ့နေပြီဖြစ်သော ညီမငယ်၏ နဖူးကလေးကို ပွတ်သပ်ရင်း တီးတိုးရေရွက်နေရှာသည်။
- Details
- Admin
- Hits: 1740
- News Article
လက်ရှိတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက် နေရာညှိနှိုင်းမှု အခက်အခဲဖြစ်နေကြသည်။ AA ခေါင်းဆောင်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားသောကြောင့် အစိုးရအာဏာသက်ရောက်သည့် ဒေသများတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မသွားရောက်နိုင်ဟု AA ဘက်က ဆိုထားသည်။
Page 10 of 44









