- Details
- နေမျိုးလင်း
- Hits: 6951
ရက္ခိုင့်တပ်တော်(AA)ကိုမူ အစိုးရအနေဖြင့် Bilateral ထက်ကျော်လွန်သော စာချုပ်တစ်ခု (Deep of Commitment) ကို သဘောတူ လက်မှတ်ထိုးစေလိုသည်။ သို့သော် ရက္ခိုင့်တပ်တော်(AA) ကလည်း ယင်းသို့ အစိုးရ၏ ပြောကြားချက်ကို လက်မခံပေ။ Bilateral ထိုးပြီးမှ နိုင်ငံရေးအရ ပြေပြေလည်လည် ဆွေးနွေးနိုင်မည်ဟု ယူဆထားသည်။ ထို့ကြောင့် ၄င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေမှာ အောင်မှတ်မရဘဲ အနုတ်လက္ခဏာသာ ဆောင်နေသည်။
- Details
- အောင်ကြည်မိုး (သင်းပုန်းတန်း)
- Hits: 371
- Opinion
စစ်ဘေးရှောင်ပြည်သူတွေ အနေဖြင့် တောင်သူယာခုတ်၊ လယ်အလုပ်နဲ့ အသက်မွေးခဲ့ကြသူတွေ အခု တော့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကိုယ့် ရွာ၊ ကိုယ့်လယ် ဘယ်ဆီမှန်းမသိ လှည့်ကြည့်ခွင့် မရှိတော့ပြီ။ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေက ခူးချိန်၊ ဆွတ်ချိန်တန်နေပေမယ့် ယမ်းငွေ့၊ မိုင်းငွေ့တွေ မပြယ်သေးလို့ ပြန်သွားပြီး မသိမ်းရဲကြတဲ့ ဘ၀။ စိုက်ခဲ့သလောက် မရိတ်သိမ်းခဲ့ရသူတွေ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပွဲတွေ ဘယ်တော့အဆုံးသတ်မလဲ။
- Details
- ရမ္မာကျော်စော
- Hits: 333
- Opinion
ကျွန်တော်တို့ မြန်မာ့လူ့အသိုက်အ၀န်းမှာ တွေ့မြင်ရေတာတွေက ကော်မတီတစ်ခု ဖွဲ့လိုက်တယ်၊ အဲဒီ ကော်မတီက ဘာအလုပ်မှ မလုပ်ရသေးဘူး စဖွဲ့ကတည်းက ကွဲနေကြတာများပါတယ်။ သဘောထား မတိုက်ဆိုင်လို့ ပါတီတွေကွဲကြတယ်။ အဲဒီကွဲသွားကြတဲ့ ပါတီတွေကိုပဲ ညီညွတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်မတီပြန်ဖွဲ့ ကြရင်း လုံးချာလည်နေကြတော့တာပါပဲ။
- Details
- ကောင်းစံရှီ
- Hits: 442
- Article
၂၀၁၈-၂၀၁၉ ခုနှစ်(နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်န၀ါရီ) သုံးလ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ရာနှုန်းမှာ ၈၄ ရာခိုင် နှုန်းအထိ ရှိလာနိုင်ပြီး ၂၀၁၉ ခု(ဇန်န၀ါရီ-ဖေဖော်ဝါရီ-မတ်)လတွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခု (မတ်-ဧပြီ-မေ)လတို့တွင် ၅၇ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ကြောင်းကို လက်ရှိ အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သုမဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေးဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။
- Details
- ရမ္မာကျော်စော
- Hits: 434
- Opinion
စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသော ပြည်သူအများစုမှာ လယ်လုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသူများဖြစ်သည်။ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ၍ မိမိတို့၏ စိုက်ခင်း၊ဥယာဉ်များသို့ မသွားလာဝံ့ ဖြစ်နေကြသည်။ ယင်းအပြင် တဖက်တွင်လည်း ARSA အဖွဲ့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အန္တရာယ်ကိုပါ စိုးရိမ်ကြောင့်ကြနေကြရသည်။
Page 15 of 44








