“မလျှောက်ထားတော့ အလိုလိုနေရင်း တရားခံဖြစ်ပြီ။ ဒီမြေက အထောက်အထားရှိလားပြ၊ မရှိတော့ ဒီလူက မြေလွတ်၊ မြေရိုင်းဥပဒေအရ အရေးယူ ခံရတော့မယ်။ အရေးယူခံရမယ်ဆိုတော့ လယ်ယာမြေဥပဒေလို မဟုတ်ဘူး။ မြေလွတ်၊ မြေရိုင်းကျတော့ ထောင်ဒဏ်ပါတယ်။ အဲ့လိုကျတော့ ပိုပြီးဆိုးသွားပြီ” 

တည်ခင်းစရာစားပွဲမပါ၊ အသားဟင်း၊ ငါးဟင်းမပါ၊ ဆီမပါဆားမပါ အသီးအရွက်ဟင်းတစ်ချို့နဲ့  မြက်ခင်းစိမ်းပေါ်မှာ တည်ခင်းထားတဲ့ ထမင်းဝိုင်းတစ်ခုရဲ့ ဘေးမှာတော့ ပန်းကန်တစ်ယောက် တစ်ချပ်စီကိုင်ထားကြတဲ့ ကလေးတွေဟာ စက်ဝိုင်းပုံသဏ္ဍန် ထိုင်နေကြတယ်။ သူတို့ရဲ့အလယ်က ဟင်းခွက်တစ်ချို့ကို သူတစ်ခါ ငါတစ်လှည့် လက်နဲ့ယူကာ ချူးချူးရှဲရှဲနဲ့ စားသောက်နေကြပါတယ်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆွေးနွေးမည်ဟု မပါဝင်သောကြောင့် တပ်မတော်အနေဖြင့် တခြားနေရာများတွင် တိုက်ပွဲများ ရပ်ဆိုင်းပြီး ရက္ခိုင့်တပ်မတော်(AA)ကို အင်အားသုံး တိုက်ခိုက်မည်လားဟု ရခိုင်လူထုက စိုးရိမ်ကြသည်။

ကိုရဲဇော်ကို ဖိုးလုံး၏ ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုလုပ် တိုင်တန်းသောကြောင့် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းတွင် (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။ လက်ရှိတွင် သူ့အမှုကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိသည်ဟု အမှတ် (၂) ရဲစခန်းက သိရသည်။

သမိုင်းဟူသည် အတိတ်ကာလများက ဖြစ်ပျက်ခဲ့သည့် အမှန်တရား။ ထိုအမှန်တရားများကို ပြန်လည်တူးဆွခြင်းသည် အနာဟောင်းကို အပ်ဖြင့်ဆွသလို တစ်ဖက်နှင့်တစ်ဘက် အမုန်းပွားကြရန်လည်း မဟုတ်ပေ။ အတိတ်၌ဖြစ် ပျက်ခဲ့သမျှ အကောင်းဖြစ်စဉ်များကို အတုယူကြနိုင်ရန်နှင့် အဆိုးဖြစ်စဉ်များကို သင်ခန်းစာယူကာ  လက်ရှိအချိန်တွင် မိမိတို့၏ တိုင်းပြည်နိုင်ငံအတွက် အကောင်းဆုံးသော အကျိုးများကို သယ်ပိုးနိုင်ကြရန်ပင် ဖြစ်သည်။