- Details
- ဝေသာ
- Hits: 3643
- Article
ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဒေါင်မာတင်ဟူသည် မည်သူလဲ၊ ရခိုင်လူမျိုးဖြစ်ပါလျက်နှင့် အဘယ့်ကြောင့် ပေါ်တူဂီနာမည် ခံယူရသလဲ၊ ပေါ်တူဂီပြည်သို့ မည်သည့်အတွက်ကြောင့် ရောက်သွားသလဲ စသည်တို့ကို ရှင်းလင်းရန်ဖြစ်ပါသည်။ ဒေါင်မာတင်၏ ဘဝဇာတ်ကြောင်းမှာ အလွန်ပင် ထူးခြားဆန်းကြယ်သလောက် ကြည်နူးဆွတ်ပျံ့ဖွယ်ရာလည်း ဖြစ်ပါသည်။
- Details
- ကျွန်းသားငမန်း
- Hits: 5449
- Opinion
ရခိုင်ပြည်နယ် အရေးအခင်းကို စတင်ဖန်တီးခဲ့သည့် လက်သည်တရားခံ ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူလူနည်းစုအပေါ် ARSA အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများအား မျက်ကွယ်ပြုထားခဲ့သည်မှာ အိုအိုင်စီအဖွဲ့၏ မရိုးသားသောစိတ်အခြေခံကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂသည်လည်းကောင်း၊ အိုအိုင်စီနိုင်ငံ များသည်လည်းကောင်း လက်ရှိဖြစ်ပေါ်နေသော မောင်တောနယ်စပ်ပြဿနာ ဖြေရှင်းရေးအတွက် ချဉ်းကပ်ဆောင်ရွက်ရာတွင် အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှုများ မရှိသည်ကို ၄င်းတို့၏ ထုတ်ဖော်ကြေညာချက်များက သိသာထင်ရှားစွာ ဖော်ပြနေပေသည်။
- Details
- မင်းသက်ခိုင်(စည်တောင်)
- Hits: 1185
- Article
ကျောက်ခေတ်ယဉ်ကျေးမှုမှ အစပြုသော ယနေ့လူသားတို့သည် ခေတ်စနစ်၏ ပြောင်းလဲမှုကိုလိုက်၍ တိုးတက်သော လူ့ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ရပ်ဆီသို့ ကူးပြောင်းခဲ့ကြပြီး ဖြစ်သည်။ လူတို့သည် ခေတ်ကိုလိုက်၍ စနစ်ကိုပြောင်းယူခဲ့ကြသည်။ ထို့အတူ စနစ်ကိုပြောင်းယူ၍ ခေတ်ကိုပါ ပြောင်းလဲခဲ့ကြသည်။ ထိုသို့ပြောင်းလဲမှုကြောင့် လူမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာဟုပင် တင်စားရသည်အထိ ဖြစ်လာခဲ့ပေပြီ။ ထို့ကြောင့် လူ့ယဉ်ကျေးမှုတစ်ခုလုံး ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ဖို့ စနစ်သည် အရေးပါသည်။
- Details
- ရက္ခ
- Hits: 917
- Opinion
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် ကျူရှင်ယဉ်ကျေးမှု အကြီးအကျယ်ထွန်းကားနေခြင်းမှာ ပညာရေးကဏ္ဍ၏ ပြစ်ချက်တစ်ခုဟု ဆိုနိုင်သည်။ ကျူရှင်စနစ်၏အရေးပါမှုသည် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သာမက မူလတန်းအဆင့် ကလေးငယ်များအထိတိုင် ထိုးဖောက်ဝင် ရောက်နေ၏။ ရခိုင်ကျောင်းသားမိဘ အများစုသည် မူလတန်းစတက်ရမည့် သားသမီးများကို ကျူရှင်ကျောင်းသို့ အဦးဆုံး အပ်နှံထားတတ်ကြ၏။
- Details
- မောင်ကံ
- Hits: 891
- Article
ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီ(ANP) ဦးဆောင်သော ရခိုင်လွှတ်တော်နှင့် ဒီချုပ်ပါတီဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တို့အကြား ပွတ်တိုက်မှုမြင့်မားလာသည်ဟု ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
Page 35 of 44








