တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းအပေါ် မကျေနပ်မှုများ တိုးပွားလာနေသဖြင့် မွတ်ဆလင်အများစုရှိရာ နိုင်ငံများတွင် ရောက်ရှိနေကြသော ပြင်သစ်နိုင်ငံသားများ အနေဖြင့် လုံခြုံရေးကို အထူးသတိထား ကြရန် ပြင်သစ်အစိုးရက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအချို့တွေ့ရှိခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးရှိ လူဦးရေကိုးသန်းကို ရက်အနည်းငယ်အတွင်း စစ်ဆေးနိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က အလျင်အမြန်ဆောင်ရွက် ခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့စွန်ရှိ ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၃၆ ဦးအထိရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကာတာနိုင်ငံ ဒိုဟာလေဆိပ်တွင် စွန့်ပစ်ခံရသောမွေးကင်းစကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ပြီးနောက် ဆစ်ဒနီ သို့ပျံသန်းမည့် လေယာဉ်ပေါ်တွင်ရှိနေသော အမျိုးသမီးခရီးသည်များ၏ ခန္ဓာကိုယ်တွင်း ရှာဖွေစစ်ဆေးခဲ့သည့် ကာတာအာဏာပိုင်များ၏ ပြုမူပုံအား သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

ကိုဗစ်-၁၉ ရောဂါသည် အမြစ်ပြတ်ပျောက်ကွယ်မသွားဘဲ တုပ်ကွေးရောဂါကဲ့သို့ နှစ်စဉ် ဖြစ်ပွားနေကျ အသွင် ပြောင်းသွားနိုင်ခြေ ရှိနေကြောင်း ယူကေ သိပ္ပံအကြံပေး ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။