အစာရေစာ ငတ်မွတ်ခေါင်းပါးမှုအား စစ်ပွဲနှင့် ပဋိပက္ခများအတွင်း လက်နက်တစ်ခုအဖြစ် အသုံးချနေကြခြင်းကို တိုက်ဖျက်နိုင်ရန် WFP အဖွဲ့သည် အဓိကမောင်းနှင်အားအဖြစ် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း  နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌအမျိုးသမီး ဘဲရစ်ရိုက်စ်အန်ဒါဆင်က ဆုကြေညာစဉ် ပြောကြားသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) သည် ၎င်း၏ဝန်ထမ်းများ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အမျိုးသမီးများအား လိင်ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့ခြင်း ရှိ-မရှိ ဌာနတွင်း စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။ ကျူးလွန်ခဲ့သည့်မကောင်းမှုအတွက် ထိုက်တန်သည့် အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်းလည်း ယူနီဆက်က ကတိပြုထားသည်။  

ဖိလစ်ပိုင်သည် အရှေ့တောင်အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရသောနိုင်ငံ ဖြစ်နေသော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေအား လူအများစု၏ ထောက်ခံယုံကြည်မှုနှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း Pulse Asia သုတေသနအဖွဲ့၏ စစ်တမ်းတစ်ရပ်အရ သိရသည်။

ဗာတီကန်တွင် ကိုရိုနာကူးစက်မှုထိန်းချုပ်ရေး လော့ဒေါင်းများ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လာနီယာထရမ့်တို့ နှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံထားရကြောင်း သမ္မတထရမ့်ကိုယ်တိုင် သောကြာနေ့ အစောပိုင်းက ပြောကြားလိုက်သည်။