နိုင်ငံအရှေ့ပိုင်းရှိ တရုတ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ဇွန်လမှစတင်၍ မိမိတို့တပ်ဖွဲ့များ ရွှေ့ပြောင်းနေရာချထားမှုများရှိကြောင်း အိန္ဒိယက ပြောကြားလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနုတ်ထွက်တော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရပိုင် NHK သတင်းဌာနက သောကြာနေ့တွင် ကြေညာလိုက်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ကာ အွန်လိုင်းနှင့် E-learning စနစ်များဖြင့် အဝေးမှ သင်ကြားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျောင်းသားအများအပြားသည် ပညာသင်ကြားရေးနှင့် အဆက်ပြတ်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာချက်တစ်ရပ်အရ သိရသည်။

ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာကပ်ဘေးကြီးအား ၂ နှစ်အောက် အချိန်အတွင်း ကျော်ဖြတ်နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့တွင် ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၁ ရက် သောကြာနေ့၌ ကူးစက်မှုစုစုပေါင်း ၃၂၄ ခုဖြင့် ကူးစက်မှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ရေးသားထားသည်။