အလက်စကားကျွန်းဆွယ်တွင် ပြင်းအား ၇.၈ အထိရှိသည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေးရက်ကြာ အကြိတ်အနယ် ဆွေးနွေးမှုများအပြီးတွင် ဥရောပသမဂ္ဂခေါင်းဆောင်များသည် ကိုရိုနာကုသရေး ရန်ပုံငွေအတွက် ယူရိုငွေ ၇၅၀ ဘီလျံသုံးစွဲရန် သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုရိုနာကုသဆေးနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ခိုးယူရန်ကြိုးစားနေကြသည့် ဟက်ကာများသည် ရုရှားထောက်လှမ်းရေး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ရကြောင်း အနောက်နိုင်ငံများက ကြာသပတေးနေ့တွင် စွပ်စွဲပြောကြားလိုက်သည်။

ချီလီတွင် ရဲတပ်ဖွဲ့သည် ခွေးများအား ကိုဗစ်လူနာကို ၎င်းတို့၏ ချွေးမှတစ်ဆင့် အနံ့ခံစစ်ဆေးတတ်အောင် သင်ကြားနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေးအတွက် ဘတ်ငွေ ၁.၄၅ ဘီလျံတန်ဖိုးရှိသော အထူးချေးငွေတစ်ရပ် အကူအညီပေးရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။