အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၏ အလံတွင် ဖော်ပြပါရှိသည့် ကွန်ဖယ်ဒရိတ်စစ်ပွဲ အမှတ်တံဆိပ်ကို ပယ်ဖျက်ရန် တနင်္ဂနွေနေ့တွင် စတင်မဲခွဲကြမည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗဟိုအစိုးရ၏ ဝန်ထမ်းခန့်အပ်မှုများတွင် ကောလိပ်ဒီဂရီထက် လုပ်ငန်းကျွမ်းကျင်မှုရှိသူများကို ဦးစားပေးခန့်အပ်စေမည့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် စီစဉ်နေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကေဗဟိုဘဏ်(Bank of England) သည် အတိတ်က ဘဏ်ဥက္ကဌအချို့ ကျွန်စနစ်နှင့် ဆက်စပ်မှုရှိခဲ့သည့်အတွက် တောင်းပန်လိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် တောင်-မြောက်နှစ်နိုင်ငံ နယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်းတွင် ရှိသော နှစ်နိုင်ငံဆက်ဆံရေးရုံးအား အင်္ဂါနေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုနှင့်အတူ ချီလီသမ္မတ ဆီဘက်စ်ရှင်းပီနဲရားသည် ကျန်းမာရေးဝန်ကြီး ဟိုက်မဲမာညာလစ် နေရာတွင် ဝန်ကြီးသစ်တစ်ဦး အစားထိုးခန့်ထားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။