အာရပ်စော်ဘွားများပြည်ထောင်စုက အင်္ဂါဂြိုဟ်သို့ ပထမဆုံး စေလွှတ်မည့် အာကာသယာဉ်ကို သီတင်းပတ် အနည်းငယ်အတွင်း လွှင့်တင်တော့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး လနှင့်ချီမှတ်သားထားသည့် အချက်အလက်များအား ဘရာဇီးတာဝန်ရှိသူများက စနေနေ့တွင် အများပြည်သူ မကြည့်ရှုနိုင်အောင် ပယ်ဖျက်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားထားသည်။

ဟောင်ကောင်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်အား ဆန့်ကျင်ကာ လူထောင်ပေါင်းများစွာသည် ၁၉၈၉ တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အတွက် စုရုံးရောက်ရှိခဲ့ကြသည်။

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၁၃၄၉ ဦးအထိရှိခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆူပူအကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ ရှိနေသည်မှာ ခုနစ်ရက်အထိ ရှိလာပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။