အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် အင်အားပြင်းလေဆာလက်နက်သစ် တစ်မျိုးအား စမ်းသပ်ခဲ့ပြီး ပျံဝဲနေသည့်ဒရုန်းယာဉ်တစ်စီးကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စီအန်အန်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လမ်းများပေါ်တွင် ပိုးသတ်ဆေးဖြန်းနေကြခြင်းသည် ဗိုင်းရပ်စ်အား မရှင်းလင်းနိုင်ရုံသာမက အများပြည်သူ၏ ကျန်းမာရေးကိုပင် အသက်အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

 ဗုဒ္ဓဟူးနေ့ညပိုင်းက တိုက်ခတ်သွားတဲ့ အားပြင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့ပါတယ်။

၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိက အလိုရှိသော တရားခံပြေးများထဲမှ အသက် ရှင်လျက်ကျန်ရှိသူတစ်ဦးဖြစ်သည့် ဖလီစီယန်ကဘူဂါ ကို ပြင်သစ်အစိုးရက စနေနေ့တွင် ဖမ်းဆီးရမိ ခဲ့သည်။ ၂၅ နှစ်ခန့် ကြာထွက်ပြေး လွတ်မြောက်ပြီးနောက် ယင်းသည် နိုင်ငံတကာ ခုံရုံးတွင် ရုံးတင် စစ်ဆေးခံရတော့မည်ဖြစ်သည်။

မြို့တော် ဆိုးလ်ရှိ အီတေဝန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားသည် စစ်ဆေးမှုမခံယူမီတွင် နိုက်ကလပ်သုံးခုသို့ သွားရောက်လည်ပတ်ခဲ့သည်ကို သိရှိခဲ့ရပြီးနောက် အစိုးရက နိုက်ကလပ်များအား တစ်လကြာ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။