နဂိုကျန်းမာရေမကောင်းသူများ ထံတွင်မူ ပြင်းထန်သောရောဂါလက္ခဏာများ တွေ့ရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဦးရေမှာ လက်ရှိအချိန်အထိ ၈၆,၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်ပြည်မှဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်နိုင်ရန်အတွက် ကွန်မြူနစ်ပြောက်ကျားများနှင့် မိမိတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာဒေးက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

စစ်ပွဲဖြစ်ပွားရာဒေသများ၊ ဒုက္ခသည်စခန်းများကဲ့သို့ အန္တရာယ်မကင်းသောနေရာများ၌ နေထိုင်နေရသူများသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိဘဲ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်မည့်အနေအထားတွင် ရှိနေကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးအား တနင်္လာနေ့တွင် စတင်စမ်းသပ် သုံးစွဲမည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူဦးရေ ၄၆ သန်းခန့်ရှိသည့် စပိန်နိုင်ငံတွင် တစ်နိုင်ငံလုံးနီးပါး အိမ်ပြင်ထွက်ခွင့်ကို တားမြစ်ထားကာ အလုပ်သွားရန်၊ ဆေးဝါးနှင့် အစားအစာဝယ်ယူရန် လောက်သာ သွားလာခွင့်ပေးထားသည်။