ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးပေါ် ဒေါ်လာ ၈.၃ ဘီလျံ သုံးစွဲမည့် ဥပဒေတစ်ရပ်အား အမေရိကန်လွှတ်တော်တွင် ကြာသပတေးနေ့၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် အင်္ဂါနေ့အစောပိုင်းက တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ဒေသတွင် အမြန်နှုန်းဖြင့် ခုတ်မောင်းလာသော ရထားတစ်စင်းနှင့် ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိုက်မိပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အိန္ဒိယတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒီဆေးကို အမေရိကန်အစိုးရနဲ့ အမျိုးသား ဓာတ်မတည့်မှုနဲ့ကူးစက်ရောဂါတိုက်ဖျက်ရေး အဖွဲ့ထံ ပေးပို့ထားပြီလို့လည်း ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြချက်တွေအရ သိရပါတယ်။

နယူးဒေလီတွင် ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများကြောင့် သုံးရက်အတွင်း သေဆုံးသူ ၂၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။