ကမ္ဘာ့သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦ ကဏ္ဍတွင်  ရှေ့တန်းကဦးဆောင်သည့် နိုင်ငံဖြစ်ရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှုမရှိသောနိုင်ငံအဖြစ် ပြောင်းလဲရန် ဦးတည် ဆောင်ရွက်လျက်ရှိသည့် တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ဒီဇယ်ရထားစက်ခေါင်းအားလုံးကို ကာဗွန် ထုတ်လွှတ်မှုနည်းပါးသော ကျည်ဆံရထားများနှင့် အစားထိုးတော့မည် ဖြစ်သည်။

အမေရိကန် လွှတ်တော်အဆောက်အအုံတွင် ဗုဒ္ဓဟူးနေ့က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်အား သမ္မတသစ်အဖြစ် အတည်ပြုရန် လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပနေချိန်၌ သမ္မတထရမ့်အားထောက်ခံသူများ အတင်းဝင်ရောက် နှောင့်ယှက်မှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တနင်္ဂနွေနေ့က ဓားကိုင်ထားသော အမျိုးသားတစ်ဦး လိုက်လံတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

ပြည်တွင်းကူးစက်မှု မရှိသလောက်နှေးကွေးနေသည်မှာ နှစ်ဝက်နီးပါး ရှိနေပြီဖြစ်သည့် ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၄ ရက် တနင်္လာနေ့တွင် ကူးစက်မှုအသစ် ၇၄၅ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက နိုင်ငံတွင် တစ်နေ့တာကူးစက်မှု အများဆုံးအရေအတွက်ဖြစ်သည်။

လန်ဒန်ရှိ အခြေခံပညာ စာသင်ကျောင်းများ အားလုံးအား ရက်သတ္တနှစ်ပတ်ကြာ ပိတ်ထားရန် ဗြိတိန်အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲအသစ် အလွန်အမင်း ပျံ့နှံ့လာမှုကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။