- Details
- Foreign Desk
- Hits: 726
မွတ်ဆလင်နိုင်ငံများဖြစ်ကြသည့် အီရန်၊ မလေးရှား၊ တူရကီ နှင့် ကာတာတို့သည် အနာဂတ်တွင် ၎င်းတို့အပေါ်စီးပွားရေး အရေးယူပိတ်ဆို့မှုများကို တန်ပြန်သည့်အနေဖြင့် ရွှေ၊ ကုန်စည်ခြင်းဖလှယ်သည့် စနစ်တို့ကို အသုံးပြုကာ ကုန်သွယ်ရန် စဉ်းစားလျက်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဒ် ကပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
- Details
- Foreign Desk
- Hits: 902
ဖေ့စ်ဘုတ် အသုံးပြုသူ ၂၆၇ သန်း၏ အချက်အလက်များ ပါဝင်သည့်ဖိုင်အား ဒေါင်းလုပ်ရယူနိုင်အောင် ပြီးခဲ့သည့်သီတင်းပတ်က ဟက်ကာဖိုရမ်တစ်ခုတွင် တင်ပေးထားကြောင်း နည်းပညာဝက်ဆိုက် Comparitech ၏ ဘလော့ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။ ထိုဖိုရမ်အား ဒုစရိုက်အဖွဲ့တစ်ဖွဲ့ပိုင်ဆိုင်ကြောင်း Comparitech က ရေးသားထားသည်။
- Details
- Foreign Desk
- Hits: 556
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်း၌ မှတ်တမ်းတစ်ခုဝင်သွားခဲ့သည်။ မှတ်တမ်းကောင်းတစ်ခုတော့ မဟုတ်။ တတိယမြောက် စွပ်စွဲပြစ်တင်ခံရသည့် သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။
- Details
- Foreign Desk
- Hits: 1509
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အထူးခုံရုံးတစ်ရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း BBC နှင့် နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။ မူရှာရက်ဖ်သည် ပါကစ္စတန်တွင် အခြေခံဥပဒေကိုဆန့်ကျင်မှုဖြင့် ခုံရုံးတင်စစ်ဆေးခံရသော ပထမဆုံးစစ်အာဏာရှင် ဖြစ်သည်။
- Details
- Foreign Desk
- Hits: 269
" ဒါဟာ ကျွန်မတို့ရဲ့အနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ရပ်ပြုလုပ်ဖို့ အခွင့်အရေးလို့မြင်တာကြောင့် ကျွန်မဒီနေ့ ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်။ ကျွန်မအဓိကအလေးထားတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရရှိရေးပါ။ ကျွန်မတို့သမ္မတဟာ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်မမြင်ပါတယ်"
Page 46 of 65








