ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အမေရိကန်တို့ကြား ပြီးခဲ့သော သောကြာနေ့ (ဒီဇင်ဘာလ ၁၃ ရက်)က ကုန်သွယ်ရေးသဘောတူညီမှုအဆင့်တစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ အမေရိကန်သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်စည်းကြပ်နေမှုများအား ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများထဲမှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများကို နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးပေးမည့် ဥပဒေသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေသဖြင့် ပြည်သူများတည်တည်ငြိမ်ငြိမ်ရှိကြရန် ဝန်ကြီးချုပ်မိုဒီက တောင်းပန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည့် အမေရိကန်တို့၏လုပ်ရပ်မှာ ကုလပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ် ကပြောကြားလိုက်သည်ဟု Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျွန်ဆင်၏ အဓိကပြိုင်ဘက် လေဘာပါတီမှာမူ လွှတ်တော်အတွင်း ၅၉ နေရာထိ လက်လွှတ်ခဲ့ရပြီး ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်အဖြစ် စံချိန်တင်သွားခဲ့သည်။

နယူးဇီလန်နိုင်ငံ၊ ကျွန်းဖြူပေါ်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၈ ဦးအထိရှိသွားပြီဖြစ်ပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေသေးကြောင်း BBC သတင်းတစ်ရပ်တွင်...