၂၀၁၉ ခုနှစ်အတွက် ပြည်ပနိုင်ငံများသို့ ခရီးသွားလာရာတွင် အိမ်ရှင်နိုင်ငံများက လိုလားလက်ခံမှုအရှိဆုံး နိုင်ငံကူး လက်မှတ်များစာရင်း ထွက်ပေါ်လာရာ အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်စင်္ကာပူတို့က ယင်းစာရင်း၏ ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

ဖမ်းမိထားသော အိုင်အက်စ်အကျဉ်းသားများအား ၄င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ပို့မည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လုက စနေနေ့က ပြောကြားလိုက်သည်။ ၄င်းအရေးနှင့် ပတ်သက်၍ ဥရောပနိုင်ငံများက အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေမှုကိုလည်း ဝန်ကြီးက ဝေဖန်လိုက်သည်။

အီရတ်ဆန္ဒပြသမားများသည် ၎င်းတို့၏အစိုးရသည် အကျင့်ပျက်လာဘ်စားပြီး နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားကိုသာ ဦးစားပေးသည်ဟု ရှုမြင်လျက်ရှိကာ ဆန္ဒပြနေကြခြင်းဖြစ်ပြီး အောက်တိုဘာလကတည်းက စတင်လာခဲ့သော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသမား ရာနှင့်ချီကာ သေဆုံးခဲ့ရပြီးဖြစ်သည်။

အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာ အာဏာပိုင်ခွင့်အပေါ် မလေးစားမှုများနှင့် စွမ်းအင်တူးဖော်ရေးလုပ်ငန်း၊ ငါးမျှားလုပ်ငန်းတို့တွင် ပိတ်ပင်တားဆီးမှုများအပေါ် မကျေမနပ်ဖြစ်လျက်ရှိကာ အများသဘောနှင့်အညီ ဥပဒေစည်းမျဉ်းသတ်မှတ်ချက်တစ်ရပ် ရေးဆွဲနိုင်ရန် ရည်မှန်းချက်တစ်ရပ် ချမှတ်ထားသည်မှာ ကာလကြာရှည် ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင် အဆိပ်အတောက်ဖြစ်စေနိုင်သော မီးခိုးမြူများဖုံးလွှမ်းမှု ပိုမိုဆိုးရွားလာသဖြင့် မြို့တော်နေ ကလေး ၅ သန်းကျော်အတွက် အစိုးရက မျက်နှာဖုံးများ ထုတ်ပေးသွားမည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။