- Details
- Foreign Desk
- Hits: 399
အောက်တိုဘာ၊ ၂၃ ရက်တွင်ထုတ်ပြန်လိုက်သော ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့သစ်တွင် ပြီးခဲ့သောရွေးကောက်ပွဲ ၂ ကြိမ်စလုံး၌ ဂျိုကိုဝီဒိုဒို၏ပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ဟောင်း မစ္စတာပရာဘိုဝိုဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သလို ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်း Gojak ပူးတွဲတည်ထောင်သူ မစ္စတာ နာဒီယမ်မာခရင်မ် လည်း ပညာရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။
- Details
- Foreign Desk
- Hits: 345
ဟောင်ကောင်တွင် လနှင့်ချီ၍ဖြစ်ပွားနေသော ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်စေခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်သည့် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကို ယခုအခါ ဥပဒေပြုလွှတ်တော်အမတ်များက တရားဝင်ရုတ်သိမ်းကြောင်း ကြေညာလိုက်ပြီဟု BBC နှင့်အခြားပြည်ပမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
- Details
- Foreign Desk
- Hits: 364
အီသီယိုးပီးယားနိုင်ငံ၏ ပူပူနွေးနွေးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ်က အီဂျစ်နှင့်အငြင်းပွားလျက်ရှိသော ဆည်တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်လာပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိသည်ဟု သတိပေးပြောကြားလိုက် ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
- Details
- Foreign Desk
- Hits: 379
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘိုလာခရိုင်ရှိ ဘိုရန်နက်ဒင်မြို့တွင် ထောင်နှင့်ချီသော မူစလင်များသည် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လမ်းမများထက်သို့ထွက်ကာ ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
- Details
- Foreign Desk
- Hits: 410
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ကို ရွှံနှင့်နုန်းထူထပ်သော ယင်းကျွန်းငယ်လေးပေါ်သို့ ရွှေ့ပြောင်းပေးလိုနေသည်မှာ ကာလကြာရှည်ရှိပြီဖြစ်ပြီး ထိုကဲ့သို့ရွှေ့ပြောင်းခြင်းဖြင့် ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေအလွန်အကျွံထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချနိုင်မည်ဟု ပြောကြားထားသည်။
Page 57 of 65









