သြစတြေးလျနိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် ၃.၃ ရာခိုင် နှုန်းတက်လာပြီး ဆယ်စုနှစ်သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုမှ အကောင်းဘက်သို့ တိုးတက်လာပြီး ကပ်ရောဂါနှင့်ဆက်စပ်သည့် သက်ရောက်မှုများမှလည်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အာဖရိကတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်နှစ် ဒုတိယသုံးလ ပတ်မတိုင်ခင်အထိ စတင်နိုင်လိမ့်မည်မဟုတ်ကြောင်း အာဖရိကပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီး တန်းတာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပိုမိုတိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံများက ယင်းနိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးထားသူများကို ခရီးသွားလာမှု ကန့်သတ်လိုက်ပါက “အလွန်အမင်းအန္တရာယ်များ” သွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။

မြို့တော်အတွင်း ရောဂါပိုးရှိ မရှိ စစ်ဆေးခံသည့် ပြည်သူများကို အားပေးသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ မည်သူကိုမဆို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (မြန်မာကျပ် ၈ သိန်းခွဲနီးပါး) ထောက်ပံ့ပေးမည်ဟု ဟောင်ကောင်ကျန်းမာရေးအကြီးအကဲ ဆိုဖီယာချန်းက ပြောကြားသည်။

အမေရိကန်နှင့်ထိုင်ဝမ်တို့သည် မကြာမီရာထူးမှ ထွက်ခွာတော့မည့် ထရမ့်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ထိုင်ဝမ်ကျွန်းနှင့် အရာရှိများ လဲလှယ်ခြင်းကို တိုးမြင့်ဆောင်ရွက်ရန် စီးပွားရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု အသစ်တစ်ရပ်ဖြင့် ခြေလှမ်းသစ် စတင်တော့မည်ဖြစ်သည်။