- Details
- Foreign Desk
- Hits: 159
တရုတ်လေကြောင်းဌာနသည် ဘိုးရင်း ၇၃၇ မက်စ် ပြဿနာဖြစ်ပြီးနောက်ပိုင်း ယင်းလေယာဉ်ကို ကုမ္ပဏီ၏အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ လုံခြုံစိတ်ချမှုဆိုင်ရာ စိုးရိမ်ရမှုကြောင့် ပျံသန်းခွင့် ပြုဦးမည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ကမူ ဘိုးရင်း ခရီးသည်တင် လေကြောင်းလိုင်းများ ပြေးဆွဲခွင့်တားမြစ်ထားခြင်းကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
- Details
- Foreign Desk
- Hits: 152
အိမ်ပြန်တတ်အောင်လေ့ကျင့်ထားသည့် New Kim အမည်ရှိ ခိုမလေးတစ်ကောင်ကို အမည်မဖော်လိုသော တရုတ်လေလံဆွဲသူတစ်ဦးက ကမ္ဘာ့စံချိန်တင်ဈေး ယူရို ၁.၆ သန်း (ကန်ဒေါ်လာ ၁.၉ သန်းခန့်) ဖြင့် တနင်္ဂနွေနေ့က ဝယ်ယူသွားကြောင်း အွန်လိုင်းလေလံရောင်းသူများအဖွဲ့ Pigeon Paradise (PIPA) က ပြောကြားသည်။
- Details
- Foreign Desk
- Hits: 236
တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်ခဲ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့ ကြောင်း ဘရာဇီးကျန်းမာရေးတာဝန်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စေတနာ့ဝန်ထမ်း စမ်းသပ်ခံတစ်ဦးတွင် “ဆိုးဝါးသည့်ဖြစ်ရပ်” ကြုံတွေ့ခဲ့ပြီး အဆိုပါကိစ္စရပ်သည် ကာကွယ်ဆေးထုတ်နိုင်ငံများတွင် ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
- Details
- Foreign Desk
- Hits: 165
ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုးမြှင့်စစ်ဆေးရန် ကြိုးပမ်းနေကြချိန်၌ ဆလိုဗေးကီးယားနိုင်ငံသည် နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော ၃.၆ သန်းကျော်ကို နှစ်ရက်အတွင်း အပြီးစစ်ဆေးခဲ့ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
- Details
- Admin
- Hits: 184
ကမ္ဘာ့အကြီးဆုံး မြွေပါသားမွှေးထုတ်နိုင်ငံဖြစ်သည့် ဒိန်းမတ်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအသွင်ပြောင်းမှုကို ထိန်းချုပ်ရန် နိုင်ငံတွင်းရှိမြွေပါအားလုံးကို သုတ်သင်ရန်စီစဉ်လျက်ရှိသည်။
Page 9 of 65









