စိန့်ပီတာရင်ပြင်၌ နှစ်သစ်ကူးအကြိုညက အပြုအမူအတွက် တောင်းပန်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
နှစ်သစ်ကူးညတွင် စိန့်ပီတာရင်ပြင်၌ ပုပ်ရဟန်းမင်းကြီးသည် ကလေးများအား လက်ဆွဲနှုတ်ဆက်နေစဉ် အမျိုးသမီးတစ်ဦးသည် သူမ၏အလှည့်အား စောင့်ဆိုင်းနေခဲ့သည်။ သူမအလှည့်သို့ ရောက်ချိန်တွင်မှ ဘုန်းတော်ကြီးဖရန်စစ်သည် နောက်ပြန်လှည့်သွားသဖြင့် ဘုန်းတော်ကြီး၏လက်အား ရုတ်တရက် အတင်းလှမ်းဆွဲလိုက်ခြင်းဖြစ်သည်။
လှမ်းဆွဲခံလိုက်ရချိန်တွင် ပုပ်ရဟန်းမင်းကြီး၏ မျက်နှာ ရှုံ့မဲ့သွားပြီး ထိုအမျိုးသမီး၏လက်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ပုတ်ထုတ်ခဲ့ကာ မနှစ်မြို့သည့်အမူအရာ သိသိသာသာ ဖော်ပြခဲ့သည်။
မိမိတို့သည် အကြိမ်ပေါင်းများစွာ စိတ်မရှည်ဖြစ်ကြကြောင်း၊ ထိုအထဲတွင် မိမိလည်းပါဝင်ကြောင်း၊ နှစ်သစ်ကူးညက နမူနာပြခဲ့မိသည့် မကောင်းသောအပြုအမူ အတွက် တောင်းပန်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည့် လူထုနှင့် တွေ့ဆုံရသည်ကို နှစ်သက်သူအဖြစ် ထင်ရှားသူဖြစ်သည်။
အမျိုးသမီး၏လက်အား ပုတ်ထုတ်ပြီး မနှစ်မြို့သောအမူအရာ ပြသခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ ဗီဒီယိုဖိုင်သည် အချိန်တိုအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လူအများ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။
(ဗီဒီယို - Guardian News)




