
ဗာတီကန်တွင် ကိုရိုနာကူးစက်မှုထိန်းချုပ်ရေး လော့ဒေါင်းများ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် ပီရူးဂျီယာခရိုင်ရှိ အာဆီးစီမြို့သို့သွားရောက်ကာ ကြေညာချက်အသစ်တစ်စောင် လက်မှတ် ရေးထိုးမည်ဖြစ်သည်။
အဆိုပါကြေညာချက်မှာ ဖရာတယ်လီတူတီ (Fratelli tutti) ဟုအမည်ရပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း လူ့အသိုင်းအဝိုင်းတွင်း ကူညီဖေးမရန်လိုအပ်သည့် သဟာယစိတ်ဓာတ်၏ အရေးပါမှုအပေါ် ပုပ်ရဟန်းမင်းကြီး၏အမြင်များ ဖော်ပြပါရှိကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ကက်သလစ်ဘာသာဝင်များအတွက်သာမက ပုပ်ရဟန်းမင်းကြီးအတွက်ပါ ကျန်းမာရေးအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ယခုခရီးစဉ်ကို သာမန်ခရီးစဉ်အဖြစ်သာ သီးသန့်သွားရောက်မည်ဟု ဗာတီကန်က ထုတ်ပြန်ကြေညာထားသည်။
ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်များတွင် ပုံမှန်အားဖြင့် လာရောက်ကြည့်ရှုသူ၊ ကြည်ညိုသူများဖြင့် ပြည့်ကျပ်နေလေ့ရှိသည်။
လော့ဒေါင်းကာလနောက်ပိုင်း ပထမဆုံးအကြိမ် ပုပ်ရဟန်းမင်းကြီး ခရီးထွက်
- Details
- Foreign Desk
- Hits: 123




