- Details
- ညိုထွန်း
- Hits: 951
- Book Review
ဤစာအုပ်တွင် ရှေ့ကနှင့်မတူသော အကြောင်းအရာများ၊ အတွေ့အကြုံများကို လူငယ်များအတွက် သာမက လူကြီးမိဘများအတွက်ပါ ဆင်ခြင်သုံးသပ်တတ်စေရန် ရှင်းလင်းပြေပြစ်သော အရေးအသားများဖြင့် ရေးသားထားသည်။
- Details
- ညိုထွန်း
- Hits: 3615
- Book Review
ဆရာကြီး၏ ကျောင်းဆရာဘဝ တကယ့်ကိုယ်တွေ့ဖြစ်စဉ်တွေကို ဝတ္ထုသဖွယ် ရေးသားထားခြင်းဖြစ်ပြီး ၁၉၇၈ ခုနှစ် စာပေဗိမာန်ပထမဆု၊ ၁၉၈၀ ပြည့်နှစ် အမျိုးသားစာပေဆု၊ အရှေ့တောင်အာရှစာပေဆု (၂၀၁၅) များကို ရရှိခဲ့သည်။ “ The Gardener Among the Flowers ” အင်္ဂလိပ်ဘာသာ ပြန်ဆိုသောအခါလည်း အာဆီယံ ၁၀ နိုင်ငံ စာပေဆုရရှိခဲ့သည်အထိ လူကြိုက်များအောင်မြင်ခဲ့သည့် ဝတ္ထုဖြစ်သည်။
- Details
- ကြယ်စင်မင်းခန့်
- Hits: 1501
- ရန်ကုန်
သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ ယခုအချိန်တွင် သတင်းစာပညာရပ်အား သင်တန်းပေးနေသော သတင်းစာဆရာမဘဝများကို အဆင့်ဆင့်ဖြတ်သန်းလာခဲ့သော မြတ်စုမွန်၏ သတင်းဆောင်းပါးများ စုည်းမှုဖြစ်သည်။ စာရေးသူကိုယ်တိုင်ကလည်း သတင်းထောက်တစ်ယောက်ဘဝ ဖြတ်သန်းမှု ကိုးနှစ်တာကာလအတွင်း အခြေခံလူတန်းစားများ၏ လူမှုဘ၀အကြောင်း ဆောင်းပါးများကို အများဆုံးရေးသားခဲ့သည်။
- Details
- ကြယ်စင်မင်းခန့်
- Hits: 936
- ရခိုင်ပြည်
ရခိုင့်လူမှုဘဝ/ နိုင်ငံရေး အခြေအနေများကို ရေးဖွဲ့ထားသည့်စာအုပ်ဖြစ်သည်။ အုန်တော/ ထွန်းကြယ်သိုက်/ ခိုင်မင်းစံတို့၏ ပေါင်းစည်းထားသည့် စာပေလက် ရာဖြစ်သည်။ သေခြင်းဖီလိုဆိုဖီမှာ ထွန်းကြယ်သိုက်၏ ဆောင်းပါးခေါင်းစဉ်တစ်ခု ဖြစ်သည်။ ရခိုင့်နွေဦးဟုခေါ်ဆိုနိုင် လောက်သော နိုင်ငံရေးပွင့်လင်းလာစတွင် ရခိုင်တိုးတက်ရေးဂျာနယ်တွင် ရေးခဲ့သော ဆောင်းပါးများဖြစ်သည်။
- Details
- ကြယ်စင်မင်းခန့်
- Hits: 723
- မြောက်ဦး
ကမ္ဘောဒီးယားမှ ပိုပေါ့အစိုးရလက်ထက်တွင် အယူဝါဒမတူသည့်သူများ/ သံသယရှိသူများကို ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခဲ့သည့် ကမ္ဘာကျော်ခမာနီတို့၏ လူသတ်ပွဲထဲမှ ကျန်ရစ်သည့် လူများထဲမှ ချမ်းမေဆိုသောသူ၏ ကိုယ်တွေ့ ဇာတ်လမ်းစာအုပ်ဖြစ်သည်။
Page 1 of 2








