ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျစက်မှုရပ်ကွက်မှ လယ်မြေတွေကို သိမ်းယူထားတယ်ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ကို နှုတ်ထွက်ပေးဖို့ သိမ်းဆည်းခံ လယ်သမားတွေအပါအဝင် ဒေသခံ (၁၀၀) ခန့်က  ဒီကနေ့ (မေလ ၁၅ ရက်နေ့) နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

မတရားသင်း အက်ဥပဒေနဲ့ ငြိစွမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဒီကနေ့ (မေလ ၁၄ ရက်နေ့) နေ့လည် ၁ နာရီအချိန်ခန့်မှာ ပေါက်တောမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ကမ္ဘာအလှပဆုံးကမ်းခြေ တစ်ခုအဖြစ် စာရင်းဝင်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့က ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်ဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဌာနဆိုင်ရာကပဲ ဆောင်ရွက်လို့မရဘဲ အများပြည်သူများပါ ပါဝင်ဆောင်ရွက်မှ ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်သွားမှာ ဖြစ်တယ်လို့

ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တောင်းဆိုလိုက်ပါတယ်။

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပေါက်တောမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးကျော်ဇံက DMG ကို ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အများစုရှိတဲ့ ကျေးရွာတွေ၊ အုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ဘင်္ဂလီတွေကိုပဲ ခန့်အပ်ပေးဖို့ ကြားဖြတ်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီနေ့ ရခိုင်မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာလည်း ထပ်မံအကြံပြုထားပါတယ်။ ဒီနေ့ စစ်တွေဟိုတယ်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုကော်မရှင်အဖွဲ့နဲ့ ရခိုင်မီဒီယာသမား အယောက် ၂၀ လောက်နဲ့ နေ့လည် ၁ နာရီက တွေ့ဆုံခဲ့ပါတယ်။ 

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်က ခုတင်ငါးဆယ်ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်နဲ့ သူနာပြု အင်အားမလုံလောက်တဲ့အတွက် လက်ရှိ ကုသနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေမှာ အလုပ်ဖိစီးမှုတွေ ရှိနေပြီး ဆေးရုံကို လာရောက်ဆေးကုသနေကြတဲ့ လူနာနဲ့ လူနာရှင်တွေမှာလည်း အပြည့်စုံမှုတွ ရှိနေတယ်လို့ ဂွဒေသခံတွေထံက သိရပါတယ်။