ရခိုင်ပြည်နယ်မှာ သမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင်စေတီကို လာရောက် ဘုရားဖူးကြတဲ့ဧည့်သည်တွေမှာ သက်ကြီးရွယ်အိုတွေပါရင် အခက်အခဲဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်အားလုံး အဆင်ပြေစေဖို့ ဓါတ်လှေကား တည်ဆောက်နေတာ အခုဆိုရင် ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။

ယခု တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ အခကြေးငွေတွေယူပြီး ဆောင်ရွက်နေတာတွေ့ရင် ထိရောက်စွာ အရေးယူမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG ကို ပြောဆိုလိုက်ပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသဆိုင်ရာ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှတ်ပြန်ကြားရေးအဖွဲ့က ဒီလ ၂၂ က သတင်းထုတ်ပြန်ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ပင်လယ်ကမ်းခြေနားမှာရှိတဲ့ ခရစ်ယာန်သာသနာပိုင် စိန့်မေရီဘုရားရှိခိုးကျောင်း မြေနေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) လက်ထက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတင်းအဓမ္မသိမ်းယူခဲ့တဲ့အတွက် အဲဒီမြေနေရာကို ခရစ်ယာန်ဘာသာဝင်တွေကို 

ကျာက်ဖြူမြို့နယ် မီးလောင်ပြင်ကွင်းနဲ့ ငါးကန်တို့တွင် ဒေသခံအချို့မှာ ကျူးကျော်လာမှုတွေရှိနေတာကြောင့် ဒေသအာဏာပိုင်တို့မှ ဒီနေ့ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကျူးကျော်ခြံခတ်ထားခြင်း၊ ကြိုးတားထားခြင်း၊ အိမ်ဆောက်ထားခြင်းတို့ကို ဖျတ်ဆီးသိမ်းယူခဲ့ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး ၊ စုစုပေါင်း ၉၄ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်ကနေ အခုလပိုင်းကစတင်ပြီး ဆန် ပြန်လည်တင်ပို့နေပြီး ဒေါ်လာ နှစ်သောင်းဝန်းကျင် တန်ဖိုးရှိတဲ့ ဧည်မထ ၂၅ မတ် ဆန် ၆၅ တန် ပို့ဖြစ်တယ်လို့ စစ်တွေစခန်းတာဝန်ခံ ဦးခင်မောင်ဆွေက DMG ကိုပြောပါတယ်။