တရုတ်နိုင်ငံသို့ ရေနံတွေတင်ပို့ဖို့ မဒေးကျွန်းမှာ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်တာကြောင့် ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးပြီး လှေသမားတွေ နားခိုဖို့ နေရာအဆင်မပြေတဲ့အတွက် ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ မနေ့က CNPC တရုတ်ကုမ္ပဏီကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပြိုင်တောကျေးရွာမှာ မေလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက မြိုတိုင်းရင်းသားတွေကို မြိုစာပေသင်ကြားနေ တယ်လို့ သိရပါတယ်။ အဲဒီမြိုစာပေသင်တန်းကို မြိုစာပေနှင့်ယဉ်ကျေးမှူအဖွဲ့က ဦးစီးဖွင့်လှစ်တာဖြစ်ပြီး ဒီနေ့ နံနက် ၈ နာရီက သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေကရုဏစေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင် (၃၀၀) ဦးကို ဒီကနေ့ မေလ ၂၂ ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ အဲဒီအခမဲ့ဆေးကုသမှုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနှင့် ရွှေကရုဏာ စေတနာဆေးခန်းတို့ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်မြို့ မျက်စိအထူးကု

အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင် အခြေအနေ စိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာ အမှိုက်ကောက်လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။အမှိုက်ကောက်လှုပ်ရှားမှုကို ဂျိတ္တောရပ်ကွက်ပရဟိတလူငယ်တွေ စုပေါင်းထားတဲ့ အမှိုက်များ၏ ရန်သူ (Foe Of Rubbish) အဖွဲ့မှ မေ ၂၁ ရက် ညနေ ၃နာရီကစတင်ပြီး ဂျိတ္တောရပ်ကွက်အဝင်တံတားမှ ဂျိတ္တော(လုံးသာ)လမ်းမကြီးအတိုင်း ဖောင်ဆိပ်ထိကို အမှိုက်ကောက်ခဲ့ကြတာပါ။

ရခိုင့်ရှေးဟောင်းအမွေအနှစ် ပုရားပုထိုးစေတီတွေမှာ ကျောက်သားအနုပညာလက်ရာတွေကို လက်ရှိအချိန်ထိ တွေ့မြင်နေရသလို ကျောက်သားတွေကို နိုင်နင်းစွာအသုံးချပြီး အနုပညာလက်ရာမြောက်အောင် ဖန်တီးပုံဖော်မှုတွေကိုလည်း မြောက်ဦးဒေသမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ 

မကြာခဏဆိုသလို သဘာဝဘေးအန္တရာယ်နဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်နဲ့ထိစပ်တဲ့မြို့နယ်တွေကို အရေးပေါ်ကယ်ဆယ်ရေးအမြန်ယာဉ် စပိဘုတ် တစ်မြို့နယ်မှာ ၃ စီးနှုန်းထားရှိသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က DMG ကို ပြောပါတယ်။

အစိုးရပိုင် သတင်းစာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ သတင်း၊ ဆောင်းပါးအပါအဝင် ကဣစုံကို ရခိုင်ဘာသာစကားဖြင့်ရေးသားပြီး ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမင်းအောင်က ပြောဆိုလိုက်ပါတယ်။