ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရှနေဝန်း ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံပြုလုပ်လာကြတာကြောင့် မောင်တောမြို့မှာလည်း ဆရာတော်ရုပ်ထုနဲ့ ပန်းခြံတစ်ခု ဖြစ်ပေါ်လာဖို့ ဒီနေ့ သာသနာ့ဗိမ္မာန်တော်ကြီးမှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရတဲ့ ကျေးရွာတွေကို၂၀၃၀ ခုနှစ်အမှီ မြို့ပြနဲ့တစ်ပြိုင်နက်တည်း လျှပ်စစ်မီးရရှိဖို့ဆောင်ရွက်နေတာကြောင့် ဂွမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၆ရွာကို ကမ္ဘာ့ဘဏ်အစီအစဉ်နှင့် ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဲ့ Earth Renuwable Energy ကုမ္ဗဏီလိမိတက်တို့ ပူပေါင်းပြီး Solar နဲ့

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေအနေနဲ့ ယခင်တာဝန်ယူထားတဲ့ မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဆရာတော်မရှိတဲ့ နောက်ပိုင်းမှာ ပညာသင်ခိုလုံနေကြတဲ့ ကလေးတွေအတွက် ခြိမ်းခြောက်မှုတွေရှိနေပြီး လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှ ဂွမြို့၊ ကျိ န္တလီမြို့နဲ့ တောင်ကုတ်မြို့တို့တွင် မေလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး နလန်ထူလာနိုင်ရေးအတွက် ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါမယ်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနစ်စကိုင်နိုင်အောင် ဆောင်ရွက်ရေး (ပထမအကြိမ်) ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၇ ရက်နေ့က မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင် မြိုနယ်စည်ပင် ရန်ပုံငွေဖြင့် မြို့ပြလမ်း၇လမ်းနဲ့ မြို့ပြတံတား ၆ စင်းကို ဧပြီလမှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးကသိရပါတယ်။