ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာမှာ ရခိုင်ရက္ကကန်းအထည်လုပ်ငန်း အလုပ်ရုံဖွင့်လှစ်ပွဲကို မေလ ၇ ရက်နေ့က လူမှူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝမ်းမြတ်အေးကိုယ်တိုင် တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး လ၀က ဌာနက ဘင်္ဂလီတွေကို ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးတာဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မရှိတာကြောင့် ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်က ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်တွေအဖြစ် ခိုလှုံခဲ့ရသူတွေကို UN/INGO တွေက ကူညီရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အချက်အပါအဝင် အချက်အသုံးချက်ကို လိုက်နာဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုလိုက်ပါတယ်။

ရခိုင်လူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးနိုင်ဖို့ ရခိုင်အမျိုးသားပါတီဆွေးနွေးတဲ့ သတင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ရခိုင်အမျိုးသားပါတီက ဖက်ဒရယ်စနစ်နဲ့ ပါတီတည်ဆောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးတစ်ခုပွဲကို မေလ ၅ ရက်ကနေ ၆ ရက်နေ့ထိ ရန်ကုန်မြို့၊ Hotel Grand United မှာ ဆွေးနွေးနေပါတယ်။

စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှာ ရှေးနှစ်ပေါင်းများကတည်းက ယုံကြည်ကိုးကွယ်လာခဲ့ကြတဲ့ နတ်ကွန်းဧရိယာကို တပ်မတော်မှ ခြံစည်းရိုးကာရံထားပြီး သိမ်းဆည်းထားတဲ့အတွက် ပါဒလိတ်ဒေသခံ ၁၅၀၀ ခန့်လောက်က ဒီနေ့ မေလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီက ခြံစည်းရိုးဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်သွားရမယ်ဖြစ်ပြီး နိုင်ငံတော်မူဝါဒတွေနဲ့ လွဲဖယ်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်လို့ မရဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူဟာ မောင်တောဒေသမှာ ဆန်နဲ့ ငါးခြောက်တွေ လှူဒါန်းနေပါတယ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်က ခိုလှူံဖို့ ရောက်ရှိလာကြတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို