သာလီစွပါ (5.6.2021)
DMG သတင်းဌာနကနေ အပတ်စဉ်တင်ဆက်နေတဲ့ Weekly News အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွက် ရခိုင်ပြည်နယ်အတွင်းက ထူးခြားဖြစ်စဉ်တွေနဲ့ သတင်းအကြောင်းအရာတွေကို ကျမ မျိုးသီရိကျော်က စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်သတင်းအကြောင်းအရာတွေထဲမှာတော့ -
- အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ တောင်ကုတ်ဒေသခံ ၉ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုနေကြတဲ့သတင်း၊
- ရခိုင်ပြည်မှာ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ မြင့်မားလာနေတဲ့သတင်း၊
- ရခိုင်မှာ ညမထွက်ရအမိန့် လိုအပ်သေးရဲ့လားဆိုတဲ့ ဒေသခံတွေရဲ့ သဘောထားတွေ အပါအဝင်
- ဘာတစ်ခုမှ မတိုးတက်တဲ့ မိမိဒေသကို မပြန်ချင်ကြတဲ့ ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်တွေရဲ့ အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်…. ရှင့်

Author: DMG