သာလီစွပါ (10.7.2021) DMG သတင်းဌာနကနေ အပတ်စဉ်တင်ဆက်နေတဲ့ Weekly News အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်အတွက် ရခိုင်ပြည်အတွင်းက ထူးခြားဖြစ်စဉ်တွေနဲ့ သတင်းအကြောင်းအရာတွေကို ကျမ မျိုးသီရိကျော်က စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်သတင်းအကြောင်းအရာတွေထဲမှာတော့ -

- မျိုးရိုးဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုများလာတဲ့အတွက် တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေကို ယာယီပိတ်လိုက်ရတဲ့သတင်း

- ရခိုင်မှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၆၆၀ ကျော်အထိရှိလာနေပြီး သေဆုံးသူ ၇ ဦးရှိနေတဲ့သတင်း

- မြောက်ဦးဒေသကို ယူနက်စကိုတင်သွင်းဖို့ ဆောင်ရွက်မှုတွေ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ယူနက်စကိုဝင်မဝင်ကို ၂၀၂၃ ခုနှစ်မှာ သိရမယ်ဆိုတဲ့သတင်း

- ရခိုင်ကနယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ယာယီရပ်နားဖို့ ပြည်နယ်စစ်ကောင်စီ စီစဉ်နေတဲ့သတင်း

- ဆောင်းပါးရှင် မင်းထီးကိုယ်တိုင်ရေးသားထားတဲ့ “စစ်ကောင်စီလက်ထက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်နိုင်မလား” ဆိုတဲ့ သုံးသပ်ချက်ဆောင်းပါး အပိုင်း (၁) နဲ့ - စစ်ဘေးရှောင်စခန်းက ကလေးနှစ်ယောက်မိခင် Signal Mother တစ်ယောက်ရဲ့ အကြောင်းကို ကြည့်ရှုနားစွင့် ခံစားရဖို့ရှိပါတယ် … ရှင်

 

Author: DMG