သာလီစွပါ (17.7.2021)

DMG သတင်းဌာနကနေ အပတ်စဉ်တင်ဆက်နေတဲ့ Weekly News အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်အတွက် ရခိုင်ပြည်အတွင်းက ထူးခြားဖြစ်စဉ်တွေနဲ့ သတင်းအကြောင်းအရာတွေကို ကျွန်မ မျိုးသီရိကျော်က စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်သတင်းအကြောင်းအရာတွေထဲမှာတော့ -

- မြန်မာတစ်နိုင်ငံလုံးမှာ ဇူလိုင် ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရုံးပိတ်ရက်တွေသတ်မှတ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ဆိုတဲ့သတင်း

- မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိပြီးနောက် စခန်းတစ်ခုလုံး Lock Down ချလိုက်ပြီး နောက်ထပ် ၆ ဦးမှာ ရောဂါပိုးထပ်တွေ့တယ်ဆိုတဲ့သတင်း

- ရခိုင်က စစ်ဘေးရှောင်စခန်းတွေမှာ ဆန်နဲ့ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်ဆိုတဲ့ သတင်း

- ရခိုင်မှာ Mask မတပ်တဲ့သူတွေကို ရုံးတင်တရားစွဲဆိုတဲ့အထိ အရေးယူမှုတွေလုပ်ဆောင်မယ်ဆိုတဲ့သတင်း

- ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူတွေများလာတာတဲ့အတွက် အရက်သေစာသောက်စားပြီး မမောင်းနှင်ကြဖို့ ပြည်နယ်ယာဉ်ထိန်းတိုက်တွန်းဆိုတဲ့ သတင်းနဲ့

- ဆောင်းပါးရှင် မင်းထီးရေးသားထားတဲ့ “စစ်ကောင်စီလက်ထက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စတင်နိုင်မလား” ဆိုတဲ့ သုံးသပ်ချက်ဆောင်းပါးအပိုင်း(၂)ကို ကြည့်ရှုနားစွင်ရမှာဖြစ်ပါတယ် ရှင်။

 

Author: DMG