သာလီစွပါ (11.9.2021)

DMG သတင်းဌာနကနေ အပတ်စဉ်တင်ဆက်နေတဲ့ Weekly News အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွက် ရခိုင်ပြည်အတွင်းက ထူးခြားဖြစ်စဉ်တွေနဲ့ သတင်းအကြောင်း အရာတွေကို ကျွန်မ အယ်လီယာက စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်သတင်းအကြောင်းအရာတွေထဲမှာတော့ -

- AA နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲကနေ အချိန်အကြာကြီး တရားရင်ဆိုင်ခဲ့ရသူ ၁၆ ဦး ပြန်လွတ်တဲ့သတင်း

- ဒေါ်လာဈေးနဲ့ ရွှေဈေးမြင့်တက်လာမှုတွေကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်တဲ့သတင်း

- ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့အုပ်ချုပ်ရေးကိစ္စတွေကိုလက်မခံဖို့ မွတ်ဆလင်အုပ်ချုပ်ရေးမှူးတွေကို မြန်မာစစ်တပ်က ခေါ်ပြောတာဟာ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားနေတာဖြစ်တယ်လို့ AA တုန့်ပြန်

- ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်က မြို့နယ်အားလုံးနီးပါးမှာ အကျဉ်းချုပ်ပြုလုပ်ခဲ့တဲ့ သတင်းနဲ့ အခြားသတင်းတွေ အပါအဝင်

- DMG သတင်းထောက် မြတ်ဆွေရဲ့ (မသန်ပေမယ့် စွမ်းကြောင်းပြနေတဲ့ ဘောလုံးဝါသနာရှင် ကိုအောင်အောင်) လို့နာမည်ပေးထားတဲ့ မသန်စွမ်းလူငယ်တစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

 

Author: DMG