ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရတဲ့ ကျေးရွာတွေကို၂၀၃၀ ခုနှစ်အမှီ မြို့ပြနဲ့တစ်ပြိုင်နက်တည်း လျှပ်စစ်မီးရရှိဖို့ဆောင်ရွက်နေတာကြောင့် ဂွမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၆ရွာကို ကမ္ဘာ့ဘဏ်အစီအစဉ်နှင့် ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဲ့ Earth Renuwable Energy ကုမ္ဗဏီလိမိတက်တို့ ပူပေါင်းပြီး Solar နဲ့ ဆက်စပ်ပစ္စည်းအစုံ ၂၀၁၆ ယူနစ်ကို မေ ၂၀ ရက်နေ့က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီကျေးရွာပေါင်း ၃၆ ရွာမှာ စာသင်ကျောင်း ၅၇ ကျောင်း၊ ဆေးပေးခန်း ၁၄ ခု၊ဘာသာရေးအဆောက်အအုံ ၆၃ခု၊ လမ်းမီးတိုင် ကျေးရွာတစ်ရွာစီ  ၅ တိုင်နှုန်းနဲ့ ၁၈၀ တိုင်တို့အတွက် Solar ကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

 

Author: မျိုးမြင့်ဇော်