ရဲတပ်စခန်းတွေကို တိုက်ခိုက်မှုအပြီးမှာ နယ်မြေအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်တွေအတွင်း ဘင်္ဂလီအမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အနိုင်ကျင့်အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂကက အစီရင်ခံစာ ထုတ်ပြန်မှုအပြီးမှာ အခု နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလိုဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း ကန့်ကွက်မှုတွေရှိနေပါတယ်။

မတ်လ ၂၆ ရက်နေ့ကလည်း စစ်တွေအခြေစိုက် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့က နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Super User
Author: Super User
test