ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေအနေနဲ့ ယခင်တာဝန်ယူထားတဲ့ မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဆရာတော်မရှိတဲ့ နောက်ပိုင်းမှာ ပညာသင်ခိုလုံနေကြတဲ့ ကလေးတွေအတွက် ခြိမ်းခြောက်မှုတွေရှိနေပြီး လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ဆိုပါတယ်။

 

မြတန်ဆောင်း ဆရာတော်ဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကိုခိုင်နေမင်းနဲ့အတူ ဖမ်းဆီးတရားစွဲဆိုခံရခြင်းဖြစ်ပြီး လက်ရှိ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းကို သဘာဝနဒီဆရာတော်ခေါ်  အရှင်ပညာဇောတမှ တာဝန်ယူအုပ်ချုပ်နေတာလည်းဖြစ်ပါတယ်။

 

{youtube}q5nhnZQeVVU{/youtube}

Author: သားသျှေလေး