ကစ္ဆပနဒီ (၁) ခရီးသည်တင် အမြန်ရေယာဉ်ဟာ စစ်တွေ - မြေပုံ - ကျောက်ဖြူ - ရမ်းဗြဲ - တောင်ကုတ်ပြေးလမ်းကို တစ်ပတ်နှစ်ကြိမ်နဲ့ တောင်ကုတ် - မာန်အောင်ပြေးလမ်းကို တစ်ပတ်နှစ်ကြိမ်နှုန်းဖြင့် လာမယ့်ဧပြီလမှ စတင်ပြီး ပြေးဆွဲသွားမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောပါတယ်။





